Sunday, January 18, 2015

အမုန်းကြိုး ဆက်

 

ချစ်တယ်တဲ့လား ရှင်ရယ်
အသက်တစ်ခါရှင်သန်ဖို့
ရှင့် ကို ကျ မ မေ့ထားခဲ့တယ်လေ
ပြီးသွားပါပြီဆိုမှ
အသစ်တစ်ခါဆက်ချင်တဲ့
ကြိုးဆက်ထုံးကို
အမုန်းတွေနဲ့ ယစ်ဖွဲ့ထုံးဆက်ခဲ့ပြီးပြီပဲ
ပြန်ဖြေလို့မထူးတဲ့
အကြင်နာမဟုတ်တဲ့ ကြိုးတစ်ချောင်းကို
ရက်စက်မှုတွေနဲ့ကျစ်သီထားမှတော့
ဖြတ်တောက်ရလွယ်ခဲ့ပြီပဲလေ
ရှင်နဲ့ကျမ ရဲ့ကြားမှာ
သံယောဇဉ်အမျှင်ပါးပါးလေးက
အမုန်းလွန်ဆွဲရာကို
အံတုပြိုင်ဖို့
နာကျည်းခြင်းသံမဏိကြိုးကို
သေရာပါ ချ ည်နှောင်ထားခဲ့မိပြီ
အလွမ်းတွေ ဆိုတာကလည်း
ချ ည်မျှင်တစ်စလို့
အလွယ်တကူ ဆွဲဖြတ်
ပြတ်စေမှာပဲ လေ
အမုန်း တွေနဲ့လွန်းတင်ခဲ့တဲ့
အချစ်ကြိုးတစ်စ က
အစ ဆိုတာ ရှာမရအောင်
ရှင်နဲ့ကျ မ ကြားမှာ
ပြတ်တောက် လွင့်ပြယ်သွားတာ
နှစ်များကြာညောင်းပြီပဲ
အချစ်ကိုအစဖော်မှာလား
အမုန်းကို တန့်စေမှာလား
ဒါမှမဟုတ်ရင်
အချစ်ကြွေးကို
အသစ်ပေးပြီးပြန်ဆပ်မယ်ဆိုမှာလား
နိုး ..ဆောရီးပါ
ကျ မ ဆီမှာလက်ဆင့်ကမ်းဖို့
အမုန်းကြိုးဆက်ကို
ရစ်ထုံးဖွဲ့
နှလုံးသွေးစက်လက် ကျ ခံစရာ
အားအင်မရှိတော့ တာ
ရှင် တစ်ကယ်
သိ နေ နှင့်ရင်
နောက်တစ်ခါ
ချစ်တယ် ..ဒီစကား
ခွန်းခြွေ မ စ ပါနဲ့လား ... ရှင်ရယ်..။

No comments: