Sunday, January 18, 2015

ကဗျာ မဟုတ်သော




ရင်တစ်စုံနဲ့ရင်းနှီးရေးဖွဲ့
နှလုံးသွေးစက်လက်နဲ့
မျက်ရည်တွေချောင်းစီး
ပေါင်းစည်းထားတဲ့အချစ်က
အော် ..အခုတော့လည်း....
ကျမဖန်တီးခဲ့ကဗျာလေးများစွာ
စုတ်ပြတ်သတ်တဲ့အချစ်ကို
အဟုတ်မှတ်စွဲလန်းမိတဲ့
ကျမအပြစ်ကို
အချစ်လို့လည်းမသတ်မှတ်တော့ပါ
တစ်စွန်းတစ်စ နဲ့
ကျမ ရင်ကိုသရော်ပြသွားတဲ့
စကားလုံးလှလှတွေ
သိပ်မုန်းသွားခဲ့ပြီ
အချစ်အကြောင်းတွေရေးဖို့
ကျမနှလုံးသားတွေစတေးခဲ့ရတာပါလား
ရလဒ်တစ်ခုက ကဗျာတစ်ပုဒ်ပါပဲလား
မျက်ရည်နဲ့ရေးဖွဲ့လို့
ကျေနပ်နေမယ့်သူ ကို
အနေမတတ်ခဲ့တဲ့
ကျ မ ကိုယ်တိုင်မို့
ကျေနပ်စွာခံစားလိုက်မယ်
ပျော်တတ်သူပျော်ပါစေ
နေတတ်သူ နေပါစေ
ခြွေရက်သူ ခြွေခဲ့ပါစေ
ကျ မ ရဲ့အချစ်ကံက
ဘုရားသတ်မှတ်ထားတဲ့
မလှပတဲ့လမ်းကြောင်းပေါ်မှာ
ယိုင်နဲ့နဲ့လျှောက်ဖို့တွက်
အလိုတော်လို့သာပဲ
မှတ်ယူလိုက်ပါတော့မယ်...။

No comments: