Tuesday, January 20, 2015

ဆောင်း မ နွေးခင်




နှင်းတစ်စမှာ
အချစ်ကပ်ပါလာသလား
ဆောင်းကို ဖြေကြား

မေ့ကိုယ်စား
မေး လို့ပေးပါ
နှင်းအကျ မှာ
အချစ် စ ခဲ့သလား
ဆောင်းကို ခွန်းဆိတ်
မေ့ ကိုတိတ်တဆိတ်
ပြောပြပေးပါ
နှင်း အဖွေးမှာ
အချစ်နဲ့ထွေးပွေ့
ဆောင်း အေးခဲ့သလား
အချစ် အငွေ့သက်လား
အသိ မြူ မှိုင်း
နှင်းကျီစယ် တိုင်း
ဆောင်း လေပွေသရမ်း
အချစ်ဘယ်ဆီမှန်း
မေ့ကိုမှာတမ်း
ခွန်းဆင့်မြန်းပို့
ဟေမာန်နှင်း စ
မပျောက်ရှမီ
ဖွင့်ဟ ပြောပေး
ဆောင်း မနွေးခင် လေး မှာ..။

No comments: