Good bye..
မွန်းကြပ်ခြင်း..ရေ
Goodbye..
တိတ်ဆိတ်ခြင်း..ရေ
Goodbye
အထီးကျန်ခြင်း ရေ
ကိုယ်သွားတော့မယ်
လွတ်လပ်ခြင်းရဲ့
လေဟာနယ်
ပျံ ၀ဲပျော်ဖို့
နင်မပါ
နဂို ဗလာ
ဒီရင်မှာ
မြို သိပ်ခြင်းတစ်ချို့နဲ့
ဆယ်ကျော်သက်စိတ်ကူးတစ်ချို့ တစ်ဝက်
နှစ်ဆယ်ကျော် ရင်ခုန်ခြင်း အငွေ့သက်
သုံးဆယ်တစ်နေရာမှာ
တည်ငြိမ်ခြင်း မဖွေရှာ ချင်တော့တဲ့
ပေါ့ပါးခြင်း ခရီးတစ် ချက်
မျောပါချင်မိ
စိတ်စေရာ လမ်းထက်
သံစဉ်တွေနဲ့
မိတ်ဆွေဖွဲ့
ရယ်သံတွေနဲ့
ပျော်ပွဲထွက်
မျက်ရည်မပါသော
ဖြူ စင်ခြင်းခရီးက
ရယ်သံတွေ ပြည့်လျက်
ပူလောင်မှုတစ်နေရာမှ
လက်ပြ နှုတ်ဆက်
ခေတ္တခရီးပေမယ့်
လွတ်လပ်ခြင်းတွေထည့်
ပျော်ကြည့်အုံးမယ့်
ဆောင်းခရီး သည်...။
No comments:
Post a Comment