Thursday, January 15, 2015

တစ်ပတ်နွမ်း အချစ်


သံသယအဆွေးသမားဘ၀နဲ့
အကြင်နာတွေ ပြေးထွက်သွားမလား
တစ်ကယ်ဆိုးမိပေမယ့်
မရိုးမရွ
ခိုးကာ...တ
ချစ်ခဲ့သမျှ တွေ ပြန်ပေးပါ
နင်ရယ်ငါရယ်
အချစ်ရယ်က
အဟောင်းဆိုင်ကဒိတ်လွန်ပစ္စည်းလို
အသုံးလိုခြင်း ရှိသေးလား
စွန့်ပစ်ပယ်ထားပေမယ့်
အသစ်လို ပြန်ဖြစ်နေချင်တဲ့ငါ့စိတ်
နင်တစ်နေ့ အောက်မေ့ရင်
တစ်ပါးသူကောက်ယူသုံးမှ
အဖိုးတန်ဆုံး လား
အသုံးဝင် တုန်းလားဆိုတာ
ဒွိဟ အတွေးနဲ့
နင့် အပါးကအဟောင်းဆွေးလေးကို
ပြန်အမှတ်ရသေးရင်
အဟောင်းအတွေးထဲက
နင့်အချစ်တစ်ချို့ 
ဖွတ်လျှော်သန့်စင်လို့
အသစ်တစ်ခါ ရောက်လာဖို့
ထပ်တစ်ခါ ပစ်ပယ်ခံတဲ့
နုံအအ အချစ်တစ်ခု လို( တစ်ပတ်နွမ်း အချစ် လို)
ထပ်ရှာလိုက်အုံးပေါ့ နင်....။


No comments: