Saturday, January 24, 2015

တစ်ခဏ





တစ်ခဏ အတွေး
တစ်ခဏ လေး
တစ်ခဏ ပါလား
လူ့ အသက်တာ
ရှင်ခြင်း နဲ့ သေခြင်း
အလွှာ ပါးတစ်ဖက်
ကာခြားလျက်ပါ
လူ့ အသက်တာ
အခိုးအငွေ့
အတိုးအရွှေ့
ကွေးလက်တစ်ခဏ
ဆန့်ယုံမျှ
မျက်လှည့်ဘဝ
လူ့အသက်တာ
မျက်တောင်တစ်ခတ်
လျှပ် တစ် ပြက်
ထိုင်ခြင်းခဏ
ထ..ခြင်း မှ
ခန္ဓာပျက်ရ တာ
မမြဲသဘော
အမြဲ ဇော
အတ္တမရောသင့်ပါ
တွေ့ကြုံ ဆုံခဏ
ဘုံဘဝ
တဒင်္ဂသဘောမျှ သာ
အစဉ်သတိတရား

ရင်ဝယ်ထား
ကိုယ်ကျိုးများရှောင်ကာ
တတ်နိုင်အရေး
များတွက်ပေး
ရှင်သန်ကြိုးစား
လူ့ဘ၀ ဒီခဏ တာ...။

No comments: