Thursday, January 15, 2015

သူငယ်ချင်း


ဘာသာတရားတိုင်းရဲ့
နှုးညံ့သိမ်မွေ့ခြင်း
မွန်မြတ်ခြင်းတွေကိုသာ
မင်းမြင်နိုင်မယ်ဆိုရင်
တစ်ပါးသူကိုထိုးချိန်မယ့်
မင်းလက်ညိုးတစ်စုံ
အလိုလိုကွေးညွတ်သွားလိမ့်မယ်
မြင်အောင်သာကြည့်ပါ
တွေ့အောင်သာရှာပါ
လူတွေသာပြောင်းလဲမယ်
သမိုင်းအဆက်ဆက်
ခေတ်အဆက်ဆက်
မပြောင်းနိုင်တဲ့သီအိုရီ
နှလုံးသားကိုသာ
ဖွင့်ထားလိုက်ပါအရင်
မင်းမြင်လိမ့်မယ်
စစ်မှန်ခြင်းသဘောတရား
လေးနက်တဲ့အတွေးခေါ်
ဖြူ စင်မှုတွေနဲ့မွန်းမံထားတာ
လူတွေပြောတဲ့
အစွန်းရောက်သဘောတွေမပါ
တွေးထင်စဉ်းစား
ချင့်ချိန်ကြည့်ပါ
အနှစ်သာရ
လွန်ကျူးခြင်းမပါတဲ့
မေတ္တာအတိမ်နက်
မြင်တွေ့ခံစား
မျှ တတွေးတော
ဆင်ခြင်မိပါစေ
သူငယ်ချင်း ရေ.။


No comments: