Thursday, January 15, 2015

မေ့ထားရက်ပေမယ့်


နှုတ်ဆက်ထွေးပွေ့
မနွေးရတဲ့ဆောင်းရယ်
အိမ်အပြန်ခရီးသွား
အေးချမ်းချင်ပါတယ်
ဆောင်းငွေ့တစ်ချက်
တိုးဝှေ့ပေမယ့်
ဘယ်မအေးအောင်
ဘ၀င်ဆူမြိုက်
ပူလောင်ကျွမ်းရပြီကော
အပြစ်မတင်ရက်ပေမယ့်
အချစ်ဘယ်မလဲဆိုတာ
နှင်းကိုကူရှာ
ဆောင်းကိုအပူရှာခိုင်းပေမယ့်
ခုတစ်ခါဆောင်းလည်း
အေးဆေးငြိမ်သက်
နွေးထွေးမှုမပေးပဲ
ထွက်ခွာအုံးမှာပဲလား
မြို သိပ် ထားပါတယ်
ရင်ငွေ့မပါပေမယ့်
တစ်နေ့ပြန်ရကောင်းရဲ့လို့
ရေးရေးလေး
တိတ်တဆိတ်
ရင်ခုန်သံအနားပိတ်
ခပ်မဆိတ်အလွမ်းတွေကို
အလျင်းသင့်ယူဆောင်ရင်း
ချစ်ရက်ဟောင်းခဲ့တဲ့
အတိတ်မဲ့ဆောင်းလို
အနှစ်မဲ့ခဲ့တဲ့
ရင်ခုန်သံဒိတ်ဟောင်းတွေထဲ
ချန်ထားရစ်ခဲ့ပါတယ်
အဖော်မပါပေမယ့်
ပျော်စရာတွေထဲမှာ
နေသာသလိုအဖြစ်နဲ့
ကိုယ်တစ်ယောက်ကို မှ
မေ့ ထား ရက်ပေမယ့် .( ပစ်ထားရက်ပေမယ့် လေ)...။


No comments: