Thursday, January 15, 2015

နေ့ရက်ဟောင်းမှ ချစ်ရက်ပြောင်းသူ



ရင်ခုန်သံနယ်မြေသစ်ကို
အခြေချ ချဲ့ထွင်နေချင်တဲ့
နပိုလီယန်တစ်ဖြစ်လဲ
အသဲခွဲစခန်းမှ
ခြေရာဖျက်
ပျောက်ကွယ်ချင်သူ ရေ
နယ်လွန်ခြင်းတွေထဲမှာ
ပျော်ပါစေစိတ်ကူး
ဒီရင်က မကူးမီ
ဆုတောင်းတစ်ခုပြုလိုက်တယ်
တစ်နေရာရင်ခွင်နန်းမှာ
အကြင်နာ အသစ်ဆန်းတွေရဲ့
စွဲဆောင်မှု တံတိုင်းနံရံခြား
အချစ်မရှိတစ်ဖက်ကမ်းမှာ
အပြစ်တမင်ရှာ
ပစ်ထားရစ်ပေမယ့်
အချစ်ကိုသိနားလည်ချိန်က စ
မသင်ပဲတတ်တဲ့
နားလည်မှု
မတောင်းပဲရတဲ့
ဥပေက္ခာ တစ်ခု
မလုံမလဲ
မယုံရဲခဲ့တဲ့
စွန့်လွှတ်မှု
နှစ်များစွာတိုက်စား
လွင့်ပါးကျန်တဲ့
ရက်စက်မှု
သိနေခြင်းမှာ
အချစ်မရှိခြင်းက
ရာစုတစ်ခု
နားလည်စွန့်ခွာ
ရက်စက်ပါ မှ
အချစ်လို့များသတ်မှတ်ထားတဲ့
အသဲခွဲသူရဲ့
အချစ်သစ်နယ်မြေတစ်ခု
အမုန်းတွေနဲ့စွန့်ခွာမပြုဖို့
ဆုတောင်းသံပြု တဲ့
ငါ့နှလုံးသား
အမုန်းအသံမကြားခင်
ပြုံးယုံလေး နှုတ်ဆက်သွားပါ
တည်ငြိမ်မှု တွေလက်ပြ
ရင်ခုန်သံတွေ နိုးမထခင် မှာ....။

No comments: