Wednesday, November 19, 2014

မြေအိုးမင်းသား




ပွဲခင်းတစ်နေရာ
မိသားတစ်စု
အဖေက ဗုံတီး
အမေ က သီချင်းဆို
ရင်ခွင်ထက်မှာ
သားငယ်တစ်ဦး
နံဘေးနားက
သားငယ်တစ်ယောက်
ငုတ်တုတ်ထိုင်
  ခေါင်း ကို မော့
ပိုက်ဆံစွန့်ကြဲ မယ့်
လက်တွေ ဆီအကြည့် ရောက်
သံသာဟစ်ကြွေး
မိုက်မပါ ဗလာပွဲ လေး
  မြေအိုးကိုအ၀တ်ပတ်
လက်စွမ်း ထက်ထက်
ဟန်ချက်မပျက်
တင်ဆက်မှု နဲ့
အဆိုအတီး
လိုက်ဖက်ရယ်ညီ လှ
ဧည့်ပွဲလာ လူအများ
စိတ် ၀ယ်ဖမ်းစားဖို့
အသံကုန်ဟစ်ကြွေး
တစ်ပြားနှစ်ပြား
စွန့်ကြဲမယ့်အရေး
တစ်ကယ်ဆို

သတ်မှတ်ချက်
လူတကာနှုတ်ဖျားထက်
သူ...တောင်း....စား.... တဲ့ ....
သူ့ဘ၀ သူ့ဖန်တီးမှု
တစ်နေရာပေးမယ့်သူ
အနုပညာစွမ်း
  မြေတောင်မြှောက်
  မြေပေါ်တီးဝိုင်း လေး
စင်ပေါ် များ ရောက်ရင်
  မြေအိုးအ၀တ်ပတ်
တူရိယာ အဖြစ်သတ်မှတ်
ဖန်တီးထားတဲ့

မြန်မာ့ရိုးရာ
အဆင့်နိမ့်လို့
  ချောင်ထိုး
ဖန်တီးမှု ကို
အသိမှတ်မပေး
သူတောင်းစား မို့လား လေ
  အော်......!
  ရှေးဘုရင်လက်ထက် ...စ
ဖက်ခွက်စား လို့ကင်ပွန်းတပ်ခံရတာ
အနုပညာ
အဆင့်နိမ့်ထား တဲ့

ခေတ်အဆက်ဆက်မှာ
သူဟာလည်း
ဖန်တီးရှင်  

သူဟာလည်း
  ဖျော်ဖြေသူ
ဒါဟာ လည်း
အနုပညာ
ဒါဟာလည်း
  မြန်မာ့ရိုးရာ
သို့ပေမယ့် အဆင့်ခွဲခြား
တို့ မြေပေါ် မှာနေသရွှေ့ များ
တီးလိုက်အုံး ပေါ့ .......
  မြေအိုး မင်းသား ရာ..!
  မြေကြီးပေါ် တစ်နေရာ.ရာ....
  မြေအိုးလေးတွေ
မကွဲသရွှေ့
ရင်သွေး လေးတွေ
မငိုသရွှေ့ ပေါ့....ကွာ....။
 

No comments: