Wednesday, November 19, 2014

ဖေဖေ ရဲ့သမီး



ချစ်တတ်တဲ့ နှလုံးသား ကြောင့်
သမီး နာကျင် ပြီးပါပြီ..... ဖေဖေ
ကြင်နာတတ်တဲ့စိတ်ကြောင့်
သမီး ကိုနာကျင် စေခဲ့ပြီးပါပြီ ဖေဖေ
စာနာတတ်တဲ့ အမူယာတွေကြောင့်
သမီးကို မှ အနိုင်ယူ ကြတာ ကြုံ ပြီးပါပြီ ဖေဖေ
နားလည် ပေးပါတယ် ဆိုမှ
တမင်တကာ ရက်စက်ချင်ကြတာတွေ
ကြုံ ခဲ့ပြီးပါပြီေ ဖဖေ
ချစ်တဲ့သူတွေ တွက် ပေးဆပ်ရင်း.....
သမီးနှလုံးသားမှာ
ချစ်တဲ့စိတ်....အနည်းငယ် ကိန်းအောင်းနေပါသေးတယ်
ကြင်နာတတ်တဲ့ အမူယာ.... တစ်ချို့  ကျန်နေရစ်ပါသေးတယ်
စာနာတတ်တဲ့ စိတ်ကတော့ သေရာပါမယ်ထင်ပါတယ် ဖေဖေ
အနိုင်ယူ နေတတ်တဲ့ လူတွေ ကိုလည်း သီးခံခွင့်လွှတ်ဖို့
ကြိုးစား လျက်ပါ ဖေဖေ...
ဒါတွေ အားလုံး ဟာ
  ဖေဖေ ပြောဖူးတဲ့.... ဆုံးမ စကား
  ဖေဖေ ပေးဖူးတဲ့.... အကြင်နာတရား
  ဖေဖေ့ ဆီမှာ အမြစ်တွယ်နေတဲ့ စာနာစိတ် ၊ သီးခံစိတ်တွေ ကနေ
   ဖြစ်တည် လာသမျှ တွေ မို့
အရှုံး တွေ ကြားက နေ
  ပြုံး ပြုံး လေး နေနိုင်ဖို့
ခံနိုင်ရည် တစ်စုံတစ်ရာတွက်
သွန်သင် ဆုံးမရင်း

လျော့ပါးသွားတဲ့ နေရာတိုင်းမှာ
ထပ်တစ်ခါ ဖြည့်ထည့်လို့
  ဖေဖေ့ သမီး ပီသစွာ
အသက်ရှင်သွားပရစေ ဖေဖေ..။

No comments: