Wednesday, November 19, 2014

အလှစစ်



လှတယ်ဆိုတဲ့ စကား က
ကျ မအတွက်
မဟုတ်တော့ပါဘူးချစ်သူ
မလှပါဘူး
ကျမ မချောပါဘူး
တစ်ချိန်က နုပျို မှုတွေ
တစ်ချိန်က သစ်လွင်မှုတွေ
အရွယ်ရဲ့တိုက်စားခြင်းမှာ
ပွန်းပဲ့သွားခဲ့ ပြီလေ
အလှပ ဆိုတဲ့ စကားမှာ
ရင်ခုန်ခံစား
တဒင်္ဂမူးမေ့
  နှစ်သက်ရမယ့်
အရွယ်မဟုတ်လေတော့
ကျ မ ကို လေ
ရိုးရိုးလေးနဲ့
တိုးတိုးလေးပဲပြောပေးပါ
ကျ မ ဆီ မှာ
လူတကာမသိတဲ့
ရင်တွင်းက အလှစစ်ကို
ရှင်မြင်တွေ့ဖူးခဲ့တာလေးသာ
အသိမှတ်တစ်ခုပြု
  ပြောပြသွားပေးပါ
ကျ မဆီ မှာ

အလှတွေဆိတ်သုဉ်း
  ပျောက်ကွယ်ပုန်းတဲ့အခါ
  ပျော်ရွှင်နိုင်မယ့်
အသိလေးတစ်ခုနဲ့
အသက်ရွယ်တစ်ခုမှာ
အလှစစ်တစ်ခုကို
  ဖော်ကျူးခြင်လို့ ပါ....(အသိမှတ်ပြု ပေးပါ ချစ်သူ )....။

No comments: