Wednesday, November 19, 2014

အွန်လိုင်း သူငယ်ချင်း

 
လာဖော
လာရော
လာ နှော
လာပြောပြီးမှ
  ခြေရာပျောက်
လှည့်ပြန်သွားတဲ့
အွန်လိုင်း မိတ်ဆွေ
သူငယ်ချင်း ရယ်
ကဗျာနဲမင်း
အပြိုင် ငြင်းဖို့
ငါ ဟာတစ်ကယ်
အတွေးသမား သက်သက်
မင်းပြောစကား
အလိုက်ထိုက်ရော
အထာမကျ တဲ့
ငါ့အပြစ်လား... ပြော
လူမူ ရေး မသိတတ်
ငါ့ကို မှ တစ်မျိုးသတ်မှတ်
မင်းစိတ်ကြိုက် ဆုံးဖြတ်
ငါ တစ်ကယ် ကျေ နပ်ပါတယ်
သို့ပေမယ့်
  နှုတ်မဆက်
ရုတ်တရက်ထွက်သွား

ငါ့ ရင်ထဲက
ခင်မင်မှုလေး မသိမှတ် တာလား
  လေလိုင်းမိတ်ဆွေ
ကွန်နက်ရှင် လိုပဲလား
ခင်မင်မှုတစ်ခဏနဲ့
  ပြုတ်ကျ သွား ခဲ့ရ တာ....။

1 comment:

Unknown said...

ဖြစ်တတ်ပါတရ် တခါတရံ