ရှောင်မပြေးပါနဲ့
ချောင်လေးမှာလည်း
ငါ နေရဲပါတယ်
လူမြင်ရာ
မကြင်နာတာသိလည်း
တမင်တကာငိုလို့
ငါ့ကိုယ်ငါ ထုတ်ချင်းခတ်
နာကျင်မယ့် အဖြစ်တွေနဲ့
တမင်စီရင်မယ့်သူမဟုတ်လို့
နင်အဖော်ပြု မှ
စိုပြေစရာဘ၀တစ်ခုကို
နေရာတစ်ခုမှာ
သေခြာသိမ်းဆည်းပြီးခဲ့ပြီ
မကြင်နာလေ သမျှ
စာစီကာပြ
အရင်လိုငါ့ဘ၀မှာ
နင်ဟာ နံပါတ်တစ်နေရာ
ဒါပေမယ့်
ငါ့ ကိုယ်ငါ ရှာဖွေ
ငါ ဆိုတဲ့အသိဝင်ချိန်
နင့်ကို ငါ
ခံစားမှုရဲ့တစ်ဖက်စွန်းတစ်နေရာ
တမင်ပစ်ခွာထားခဲ့တာ
နှစ်များရှည်ကြာခဲ့ပြီ
မျက်ရည်တွေစားသုံးရင်း
ငါ့ နှလုံးသားတွေ
တစ်စ... ပြင်ရောက်မှ
ပြန်ခေါ်ရတဲ့
အချစ်လိပ်ပြာ
နင်ဟာငါ့ဘ၀မှာ
လှပစွာဒဏ်စီရင်လို့
တမလွန်ထိပို့ဖို့
ကြိုတင်ကြံစည်ခဲ့သူ
ငါ့ကိုယ်ငါ ပြန်ရှာရင်း
ရခဲ့တဲ့တစ်နေရာ
အချစ်ဆိုတာ
အခု
ငါ့အတွက် တော့
ငါ့အတွက် ပေါ့
ရယ်စရာ....။
No comments:
Post a Comment