Wednesday, November 19, 2014

သမီးတစ်ယောက် ဆန္ဒ




အဖေ့မျက်ရည်
အမေ့မျက်ရည်
သမီးလက်နဲ့
သုတ်ခွင့်ပြု ပါ ....
ချစ်ခြင်းမညီမျှ ပေမယ့်
အဖေ့ချစ်သမီးဘဝ
အမေ့ ချစ်သမီးတစ်ယောက်
ဘာတွေဘယ်လို
  နှောက်နှောက်
သမီးဘယ်တော့မှ
မကြောက်ပါဘူး လေ
အမေ့အပြုံးတွေ ဆေးချယ်ရင်း
အဖေ့ အပြုံးတွေ ရေး ချယ်ဖို့
သမီးကြိုးစားနေလျက်ပါ
အမုန်းတွေပေးပေမယ့်
အပြုံးတွေဆုံးပေမယ့်
အငြိုးတေးမရှိတဲ့
  နှလုံးသားတစ်ခုနဲ့
သမီး ပြုံးထားပါတယ်
ချို မြိန်ဖူးတဲ့
အတိတ်တစ်နေရာမှာ

ပျော်စရာတွေ တစ်ခေါက်ပြန်ရှာရင်း
မိသားစုဘ၀လေးတစ်ခု
စိတ်ကူးနဲ့တည်ဆောက်မိတာ
သမီးရင်ထဲ မှာအခါခါပါ
ဇရာတွေနဲ့အံတုရင်ဆိုင်
အပျော်တွေနဲ့အဖော်ပြု
ရှင်သန်နိုင်ဖို့
နာကျင်သမျှ
ကြိတ်မြို ချ
အဖေနဲ့အမေရဲ့
သမီးကောင်းတစ်မျှ
ဘ၀နေ၀င်ချိန်လှဖို့
  ဖြည့်ဆည်း ချင်တဲ့
ဆန္ဒတစ်ခု
  ဖေဖေနဲ့မေမေ
  ကျေးဇူး ပြု
နားလည်ပေးဖို့ ဆုတောင်းတစ်ခု....။

No comments: