Wednesday, November 19, 2014

လမင်း ချစ်သူ



တစ်နေရာရာမှာ များ
ပုန်းကွယ်အိပ်စက်နေလား
ချစ်သူ လရိပ်လေးရယ်
လ, နိမိတ်တွေ
ကိုယ်ထင်မပြလည်း
ကိုယ့်ချစ်သူ
လမင်း လေး ကို
ခါတစ်နေ့တော့
  မျှော်ငေး ချင်ပါ သေး တယ်
  ရှောင်ဖယ်သွားပေမယ့်
  ချောင်လည်ည တွေမှာ
အိပ်မပျော် နိုင်
လ ရိပ်ချမ်း ကိုမှ
  မျှော်ကာတလင့်
   စောင့်နေရစ်တာ
  ကောင်းကင် နဲ့မြေ ပြင်
ချိတ်ဆက်လွမ်းဖို့
သူ့ကို တိတ်တဆိတ် လေး
  ပြောထားပေးပါ
ကိုယ်မရောက်ခင်
ကိုယ် ထင်ပျောက်လို့
တမင် မနောက်ဖို့ ရယ် ပါ....။

No comments: