Saturday, November 29, 2014

အတ္တပိရမစ်

 ဘုရားမဲ့
တရားမဲ့

အရှက်မဲ့လေသောအခါ
  နူရာဝဲစွဲ
လဲရာသူခိုးထောင်း
အမျိုးပေါင်းမက
  နှိပ်စက်မှုများစွာ
အသက်နဲ့အရှက်
သိက္ခာထပ်တင်
အပုပ်ကောင်
သရုပ်ဆောင်
ဂုဏ်စည်းစိမ်တွက်ရယ်များ
ငရဲကိုပါစိန်ခေါ် ကြသတဲ့လား
မမြဲခြင်းကို
မံမီလုပ်
အတ္တပိရမစ်ထဲမှာ
မသေခင်ပုပ်မယ့်
ဂုဏ်သတင်းပုပ်အက်အက်တွေ
  ဆေးစီမံထားကြတာ
  လောကနဲ့ငရဲ
ဒွန်တွဲလို့ထုတ်ဖော်
တမလွန်မှာ
နန်းတည်အုံးမတဲ့လား
အတ္တသူဋ္ဌေးမင်း များ
ပွဲတည်ကြ တဲ့အခါ
လူညွှန့်လူ့ချွေး
လူ တကာမျက်ရည်စက်တွေ

မြိန်ယှက်စွာ သောက်သုံး
  ပျော်မဆုံးတဲ့
ဘ၀သေးသေးလေးတွေ
စတေးခံ ရင်းပျော်တော်ဆက်
သူတို့တွေရဲ့ခြေရင်းထက်
မက်မပြေသောရမ္မက်အဆီတွေ
ငရဲ မင်း အကုန်သက်သာဖို့
ထုပ်ပိုးကာသယ်ဆောင်သွား
တမလွန်တစ်ဖက်မှာ
ဘ၀ကူးတံတားတစ်စင်း
အတ္တခင်းလို့ဖောက်ထား
သူတို့နှုတ်က စကား
  သေမှာမကြောက်လို့များ
  ပေတစ်ရာလျှောက်ခဲ့ တာ ပဲ ...လား......။

No comments: