Wednesday, November 19, 2014

ပျော်ဝင်ခြင်းတစ်မနက်



ကော်ဖီတစ်ခွက်နဲ့
ဒီဆောင်းမနက်မှာ
လွမ်းယောင်ဆောင်မိတယ်
အတွေးတစ်ချို့ မှာ
အတိတ်တစ်ချို့ ရောစပ်
အဆင်သင့်မဖြစ်တော့တဲ့
ခံစားမှု မှာ
နစ်မွန်းချင်တဲ့အာရုံ
စွဲလန်းမှုတစ်စွန်းတစ်စ
  ပြန်ကောက်ကာဆက်မိတဲ့
  ဟေမာန်တစ်မနက်
  ကော်ဖီတွေ လည်းအေးစက်
အတိတ်နှင်းတွေ ကြွေကာကျ
  ပြု သူမှ အားမနာ
လွမ်း ချင် သေးသတဲ့လား
  ဆောင်းရဲ့အရသာ
နှင်းရဲ့အေးချမ်းမှု
  ကော်ဖီတစ်ခွက်နဲ့
အလှလှယ်ပြု
  ရေခဲမှတ်ထိ
  ပျော်ဝင်မိပြီ
  အော်....
ဒီမနက်လည်း
  ကော်ဖီ တစ်ခွက် နဲ့
ရင်တစ်ဝက်
အရည်ပျော် ....ခဲ့ပြန်ပြီ ...လေ.....။

No comments: