တောင်ဇလပ်ပန်းနီသွေးလည်း
ရှက်သွေးဝေတတ်ပါတယ် .. မောင်
ပန်းတကာလို
ရနံ့လှိုင်မပေါပေမယ့်
ရနံ့ကင်းတဲ့အရိုးခံပန်းလေး မို့
အေးအေးလေးနဲ့တင့်တယ်နေပါတယ်... မောင်
အချစ်ကိုရင်ဝယ်ပိုက်
သစ္စာပန္နရိုက်လို့
အရိုးခံအချစ်နဲ့ အမြဲမြတ်နိုးနေမယ့်
တောင်ဇလပ်ပန်း လေးပါ ... မောင်
တော်ဝင်အလှပန်းနဲ့
တောင်ပေါ် တစ်ပွင့်ပန်းကိုမှ
သတ်မှတ်မှု အဆင့်ခွဲမယ်ဆိုရင်ဖြင့်
ရဲရင့်နီတဲ့ အသွေဆင်းကလည်း
နာကျည်းတတ်ပါသေးတယ်.... မောင်
တောင်ဇလပ် နဲ့ တောင်ပြာတန်းကို
ဖိတ်ခေါ် ပေမယ့်
မွှေ့ပျော် ခက် လို့
မောင်ရောက်မလာခဲ့လည်း လေ
တောင်ပေါ်မြေ ရဲ့ပန်းရိုင်းလေးက
အသင့်စောင့်ကြို ... မျှော်နေမိ ပါသေးတယ် မောင်...
ထင်းရှုး မြေနဲ့ တောင်ဇလပ် ကို မှ
ခွဲခြားသတ်မှတ်
မေ့ထားစေခိုင်းတဲ့မောင် ရယ်...
တောနဲ့တောင်မှာ ပျော်မွှေ့သာတဲ့
တောင်တန်းမြေက အလှပန်းမို့
မောင့်ကိုပစ်ခွာမေ့ ကြံဆောင်လို့
တောင်တန်းတစ်နေရာက နေ
တောင်ပေါ်မှာ ပဏ္ဍာတင့်တဲ့
တောင်ဇလပ်ပန်း ဘ၀နဲ့.သာ...
လွမ်းမြဲလွမ်းဆဲ
လွမ်းလျက်သာ ပဲ
ပွင့် နေပါရစေ.တော့... မောင်....။
No comments:
Post a Comment