Wednesday, November 19, 2014

သမိုင်းသစ်

 

သူငယ်ချ င်းရေ
သမိုင်းမကြည့်နဲ့
ရာဇ၀င် မသိချင် နဲ့
တစ်ကယ်ကို
ညစ်စရာ အတိ
ဒို့လူမျိုးတွေ
  နေရာမက်
ဗလာပွဲမှာ တစ်နေရာ တွက်
အသဲသန်လု
ရန်ဖြစ်ကြတဲ့
ခလေးဘ၀လို ပါပဲ...
သက်သေတစ်ကယ် ပြချင်စရာ
တို့လူမျိုးရဲ့ဝါသနာ
သမိုင်း တစ်ကျော့
  ပြန်ပြောင်း ပြောရင်
အတ္တတံခွန်
မိုးထိချွန်တဲ့
ဘုရင် မိဖုရား
နန်း တစ်နေရာတွက်
သတ်ဖြတ်ညှင်းဆဲ
မျိုးဆွေတုန်းခဲ့တာ
သမိုင်းတွေက သက်သေပါ
သမိုင်းအသစ်
  ပြောစမှတ်ဖြစ်
ဘယ်တော့များမှ
  ရေးခြစ်မယ် မသိ

တိုင်းပြည်လည်းမော
လူတွေလည်း လျှော
ဒီပွဲ ဘယ်တော့ပြီးမှာလဲ ...
မိုး ဘယ်တော့များလင်းမှာလဲ
အာရုဏ်တက်ကိုထိုင်စောင့်
တို့ တွေ ဘယ်တော့
  အေးချမ်းမယ်
လူငယ်က လူကြီးဖြစ်
အဖိုးအဖွားတွေ
မသိလိုက်ပြီ
တို့တွေကျန်ရစ်ဆဲ
သမိုင်းဆွေး စနစ်ထဲ
  နေရာဟောင်းထဲ မှာ
အသစ်အသစ်တွေထပ်ဖြစ် မလာခင်
အချင်းချင်း တွေ သတ်ဖြတ်ကုန်ပြီ
မိုးလင်းမယ့်မနက်ဖြန်
စိတ်နာစွာထိုင်စောင့်
သမိုင်းတွေ ပါ ပျောက်ရော့မယ်
သမိုင်း ဟောင်းကို
  ပြောစမှတ်မတွင်
တို့မျိုးဆက်တွေ
သမိုင်းသစ်ထွင် ဖို့
ကဲ ...သူငယ်ချင်းရေ.....!
ငါ့ တို့ ဘာဆက်လုပ်ကြမလဲ......?...။

No comments: