Wednesday, November 19, 2014

မိုးစက်နှင်း



 ဒီဆောင်းမနက်
  နှင်းစက်မဝေ
မိုးကိုစေ၍
မိုးအေးဆောင်းမှာ
  ဆောင်းငွေ့ပြောင်းကာ
  နှင်းမေ့ မိုးရွာ
  ဆောင်းပျောက်ခဲ့သော
မနက်ဆီ မှာ
  နှင်းရဲ့...ချစ်သူ
  ဆောင်းသခင် ..ကို
  ဆောင်းမနက်တစ်ခို
နှင်းမဆိုလည်း
မိုးစက်နှင်းစို
  ဆောင်း သဏ္ဍာန်လို
ဖိတ်ခေါ်ထွေးပွေ့
  နှင်း ရင်ခွင်မှာ
  ဆောင်းသက်နှင်း..အလား
  ပြောင်းရက်ခြင်းမှာ
  အေးစက်ခြင်းကို
ခံယူပေးပါ
  နှင်းချစ်သူရဲ့
  ဆောင်းမနက် တာ....။

No comments: