Saturday, November 29, 2014

အတု မရှိသော မေတ္တာ

 
ပြည့်စုံခြင်းမရှိသော
  နှစ်လိုဖွယ်ကင်းမဲ့သော
  ငြိမ်းချမ်း ခြင်းမရှိသော
  လောကီချစ်ခြင်းများကြားမှာ
ကိုယ်ကိုယ်တိုင်
အဖြေမသိ
  ပြည့်စုံခြင်းလေလား
  နှစ်သက်ခုံမင်စွာ
စစ်မှန်ခြင်းတွေပဲလား
  လောကီဆန်စွာ ပြုမှု လာ
တစ်နေ့တစ်ရက်
တစ်နာရီ
ပင်ပန်းခြင်းဖြင့်
  ရှေ့ဆက်အစဉ်
သောကနဲ့မိတ်ဖက်
မိတ်ပျက်ခဲ့ ရ
  မေတ္တာတွေ
ဆင်ခြင်ခြင်းမရှိ
  နွေးထွေးခြင်းမသိ
ခှိုလှုံစရာ
တစ်နေရာတွေ့နိုး
  မျှော်လင့်ချက်တစ်ခု
ရင်ဝယ်ပိုက်
ရှာဖွေရင်း
မွန်းနစ်ရင်း
ရုန်းထွက်ရင်းသာ
ထိုစဉ်တစ်ခဏ

စိတ်ဝယ်ပြန်ကြား
တစ်ပိုဒ်သောဆာလံ
သိုမှီးမိပြန်တာ
အားဆေးတစ်ခွက်ဖြစ်သွား
အားဖြည့်အသက်စမ်းလား
  ငြိမ်းအေးစွာစီးဆင်း
ကျွန်ုပ် ရင်တွင်းမှာ
ကရုဏာမိုးသွန်းဖြိုးရွာ
ကိုယ်တော်ရှင်ရဲ့

ပေးဆပ်ခြင်း
  နှုးညံ့ခြင်း
တစ်ဖက်သတ်ချစ်ခြင်း
ကျွန်ုပ်အတွက်
စွန့်လွှတ်ခြင်း
အတုမရှိသော မေတ္တာ...။

No comments: