Saturday, November 29, 2014

သနားမိသော ကိုယ့်ကဗျာ

 
နှလုံးသားနဲ့ရင်းခဲ့ရတဲ့
ကဗျာလေးတွေရယ်
သနားမိပါတယ်
စုတ်ပြတ်သတ်တဲ့ အချစ်တစ်ခုကိုမှ
ရှုးသွပ်မိတဲ့ နှလုံးသားလေးရယ်
တစ်ကယ်သနားမိပါတယ်
အပေါစားအချစ်တစ်ခုကိုမှ
တန်ကြေး မြင့်ပြီး
အရယူခဲ့မိတဲ့
အင်..အချစ်တွက်
သနားမိတယ် နှလုံးသားလေးရယ်
မျက်ရည်လည်ရွှဲ
စွဲစွဲနစ်နစ်
ရင်နဲ့ရေးခြစ်ခဲ့မိတဲ့
ကိုယ့်ကဗျာလေးတွေ ရယ်
တစ်ကယ်...တစ်ကယ်
သနားမိပါတယ်
  လေ နဲ့ဖမ်းစား
  လေ စကားနဲ့
  လေ မှာပျံဝဲ

ပျော်မိတဲ့ စိတ်
  နှလုံးသားတစ်ခုအပေါ်မှာ
တစ်စုံတစ်ရာ
  မျှော်လင့်ချက်နဲ့

အိမ်မက်တွေ
ရှင်သန်စေမိတဲ့ သူ
နာကျင်မှု သက်သာပါရဲ့လား
  ဝေဒနာတွေ ဆေးတိုက်ခဲ့ရဲ့လား
  လေတစ်ချက်ဝှေ့တိုင်း
ရင်တစ်ခက်ကြွေမိတဲ့ သူ
  ခြွေ ချ သလောက်
  ကြွေကျ မိပါတယ်
ခံစားရသလောက်လည်း
နာကျင်မိပါတယ်
  လေနဲ့ကစားသွားတဲ့
ဒီရင်ခွင်အနွမ်း
တစ်ခါထပ်
  သေဆုံးရင်
ဘာတွေများကျန်အုံးမှာလဲ
ကိုယ့်ကဗျာရယ်
ကိုယ့် နှလုံးသားရယ်
  နောက်တစ်ခါ
ရှင်သန်ဖို့
ကိုယ်
ဘာတွေထပ်ပြီး
စတေး ရ အုံး မှာ လဲ.....။

No comments: