Saturday, November 29, 2014

ကာရံဈေး သည်

 
 ကာရံတွေနောက်တစ်ကောက်ကောက်လိုက်
ခြေရာ ပြန်ကောက်ကြည့်တဲ့အခါ
လေးလံခြင်း တွေဝေခြင်း
မဆိုသလောက်ပါတဲ့

ပျော်ရွှင်မှုအပိုင်းစ တစ်ချို့
ကဗျာ ဆိုတာ ၀န်ထုပ်မဟုတ်
  ခြေဖျက်ပစ်ဖို့လား
တည်ဆောက်ဖို့လား
  လေးလံခြင်းနဲ့
သယ်ပိုးသွားဖို့ပဲလား
တစ်ကယ်ဆို
ကာရံခရီးက
ဆန်းသစ်ခြင်းမရှိ
  ဟောင်းနွမ်း မှု အစုတ်ပျက်တစ်ချို့
  ပြန်ကောက်ကာထုတ်နှုတ်
ကဗျာတစ်ပုဒ်
အသဲနှလုံး
အစုတ်ပလုပ်
ဖုန်ခါ ထုတ်
အသစ်လုပ်ရောင်း
ကဗျာတစ်ပုဒ်
  ကောင်းသွား ပါကြောင်း

မောင်းခတ်ကြော်ငြာ
ကဗျာ ဆရာဆိုတာ
  ရောင်းကုန် ပမာ
အတွေးတွေဆွဲစုတ်
ဦးနှောက်ကို
အရင်းနှီးပြု
ခံစားမှု ကို
အဖိုးခပေး
ဝယ်ယူတဲ့အခါ
အရှုံးအမြတ်တစ်ချို့ က
ပရိသတ်ရဲ့
ဆုံးဖြတ်ချက်
သုံးသပ်ချက် တွေမှာ
အရှုံး ပြလို့
သုံးစားမရတဲ့အခါ
ကဗျာတစ်အုပ်ကိုင်
စိတ်ကူးနဲ့ရှင်သန်
မနက်ဖြန် ရောက်မှ
အတွေးသစ်တစ်ဖန်
ကဲ ...! အခု....
ကဗျာတစ်ပုဒ်လောက်
အားပေးကြပါ.... အမြန်....။

No comments: