ဆောင်းနှင်းတစ်စက်
တိုးဝှေ့ခဲ့ဒီမနက်
ဝေးရပ်ဆီမျှော်မှန်း
နှင်းတွေ
တစ်ဖြို က်ဖြိုက်
ကျ နေပြီချစ်သူ
အေးစက်စက်
ကိုယ့်နှလုံးသား
ဒီမနက်မှ
ထူးဆန်းလေလား
နွေးထွေးစွာနဲ့
တစ်ချက်ချင်းအလှိုက်
နှင်းတွေပါ
စည်းချက်လိုက်ခုန်
ကြွေဆင်းနေသလို
ကိုယ့် ရင်မှာ
ဆွေးဆွေးလေး
လှိုက်ခုန်နေတယ်
နှင်းတွေ စိုခဲ့ဒီမနက်
မြူ တွေ ဆော့ကစားဖို့
နှင်းတွေကို
အဖော်ပေါင်းပြု
ဆောင်းနဲ့အတူ က, နေလိုက်တာ
အေးစက်ခြင်းတွေ
တစ်စက်နှစ်စက်ကျ ကုန်ပေါ့
လေနုအေးနဲ့
ကြွေသူ မအေးအောင်
ကလူသလို
မြူ သလို
ကျီစယ် လှောင်စ
နွေးပါရဲ့လား တဲ့
ရနံ့မရှိ
ဆောင်းအသိနဲ့
ကိုယ့်နားတိုးဝှေ့
ဆောင်းငွေ့ပေးကာ
နှင်းရနံ့နဲ့
သင်းပျံ့ စေတဲ့
ဒီ ဆောင်းပန်းချီ
ဖော်ဝေး မနက်
သူဖေး ...ခဲ့
ပြည့်စုံခဲ့လေ ပြီ...။
No comments:
Post a Comment