Wednesday, November 19, 2014

ရပ်စောင့်ရင်း




ဒဏ်ရာအပြည့်နဲ့နှလုံးသားအောက်မှာ
ညင်သာစွာနဲ့ အိပ်စက်နေပါ ချစ်သူ
အမုန်းများတဲ့ နှလုံးသား တစ်နေရာမှာ
  ဖြေးဖြေးလေး ပဲ ဖြတ်လျှောက်သွားပါ ချစ်သူ
ယုံကြည်ပျောက်ရှ နှလုံးသားရပ်ဝန်းမှာ
ခပ်မဆိတ် တိတ်တိတ်လေး နေပေးပါ ချစ်သူ
လူတကာနဲ့ပုံခိုင်း
တုနှို င်းယှဉ်ဖို့
အဆင်သင့်မဖြစ်တော့တဲ့
ရင်ခုန်သံ အသေတွေ ကို
အကြင်နာလေ ပြေမတိုးဝှေ့ခင်
သံသယ ပြင်းထန်တဲ့
  လေပွေသရမ်းကို
ဝင်လာခွင့်မပြု နိုင်သူတွက်
အချစ်တွေစီးဆင်းမယ့်
အမုန်းမဲ့ကမ်းခြေမှာ
ရပ်စောင့်နေပေးပါ
တစ်နေ့ပေါ့
တစ်နေ့ တော့
နားလည်မှု နိုင်ငံတစ်ခု
အချစ်တွေ နဲ့တည်ထောင်နိုင်ဖို့
ကိုယ် တစ်ခေါက်တော့
အရောက်ပြန်လာခဲ့ပါ့မယ်
ဆက်ဆက်မျှော်
ကြို နေပေး ပါ အချစ် ရယ်....။

No comments: