Wednesday, November 19, 2014

နှင်းစက် ကြားမှာ



နှင်းမှုန်တွေ
  ကြွေဆင်းတော့
  ဝေနှင်းစက်ကြား
  ဆောင်းမနက်များ
  ပြုတ်ကျ လေတယ်
  အေးစိမ့်စိမ့်နဲ့
ဒီတစ်ခါ
  ဆောင်းရင်ခွင်မှာ
သူမလာတာ
  သေခြာလေလား
  နှင်းငွေ့ ကြားမှာ
  ဆောင်းစကားကြား
  ခြောက်ကပ် သွားတယ်

ဆောင်းနဲ့ယှဉ်ပြိုင်
အေးစက်လေ သမျှ 
နှင်းစက်တောမှာ
ချစ် ရက် နှော
   ပြောခဲ့ သော ချစ်သူ
  မေ့ရက်တာလား
  အေး ခဲ လေသလား

ဆောင်းရဲ့ကြားမှာ
ဒီမနက် တစ်ခင်း
  နှင်းတွေ တောင် ရှဲ လု ပြီ...။

No comments: