Saturday, November 29, 2014

ချစ်ခြင်း ဖြင့်



အပြုံးတွေဆေးခြယ်
အမုန်းတွေ ဘေးဖယ်
အချစ်တွေသုံး
အပြစ်တွေ ဖုံး
  နှလုံးသားအလှ
သုံးထား တစ်ဘဝ
အချင်းချင်း ချစ်ကြ
  မေတ္တာအနန္န
  လောကမြေတစ်ခဏ
အလည်လာကြ
ဧည့်သည်အများ
မလိုမုန်းထား
အပြစ်အငြိုးတရား
  နှစ်ဦးနှစ်ဖက်
ဆိုးကျိုးသက်သက်
မမုန်းသူငှာ
အပြုံး တူစွာ
ဒီကနေ့စ
မနက်ဖြန် မှ
ကူညီရိုင်းပင်း
စာနာခြင်းနဲ့
  မေတ္တာသက်နှင်း
ချစ်သထက်ချစ်ခြင်း
မျှ ဝေခြင်းနဲ့
ခရီးဆက်စို့
သူငယ်ချင်းတို့ရယ်...။

No comments: