အတင်းအဓမ္မမတောင်းဆိုပါဘူး
ချစ်သူ
အမုန်းတွေနဲ့ ၀န်ပိနေတဲ့နှလုံးသား
အချစ်တွေနဲ့ ၀န်မမျှ တော့တဲ့ ဒီရင်
မကြင်လျှင်ပစ်
မလာချင်ရင်
နှုတ်ဆက်ဖို့တော့
အသုံးတည့်အုံးမှာပါ
အေးချမ်းတဲ့ကမ္ဘာမှာ
မွှေ့ပျော်နိုင်မယ်ဆို
ဘုရားပေးတဲ့ဆုလဒ်လို့
လွှဲမှားသတ်မှတ်ခဲ့သူ
ကိုယ်ပါပဲ
အချစ်နဲ့မထိုက်သူ
ပျော်ပါစေတော့
ပျော်စေ တော့ လို့
အတောင်ကျိုးတဲ့ငှက်ငယ်
အသိုက်မဲ့တဲ့ ငှက်ငယ်
လှောင်ချိုင့်စံဘ၀မို့
လွတ်လပ်ခြင်းတစ်နေရာကို
စိတ်ကုးနဲ့ပျံဝဲရင်း
အတောင်တစ်စုံအားမှာ
ဒဏ်ရာတွေများခဲ့ပြီ
စေလိုရာပျံဝဲဖို့
အဖြည့်ခံသဘောနဲ့
မေ့ကျန်ခဲ့တဲ့
နှလုံးသားတစ်စုံကို
အချစ်ရဲ့တံတိုင်းအလွန်မှာ
စွန့်ပစ်ပယ် ထားရစ်ခဲ့ပါ
ပျံဝဲ ပေါ့
အတောင်ခတ် တော့
ဒဏ်ရာမဲ့ သောတစ်နေရာ
အချစ်သက်သက်
အလွမ်းမရှိ ကွန်းခိုရာ…..။
No comments:
Post a Comment