Wednesday, November 19, 2014

ဆောင်းအိမ်မက်





ဆောင်းအိမ်မက်
ကယောက်ကယက်
  နှောင့်ယှက်လေ တယ်
ဒီတစ်ည
အိပ်ပျော်မှာလား
  ဆောင်းရယ်
အိမ်မက်နတ်သမီး
နိုးထခြင်းမှာ
မယိုးမယွ
ချုပ်ကိုင် ကစား
အိမ်မက်များ နဲ့
စီးချင်း ထိုး
မမောသရွေ့
မနိုးဖို့
အိပ်ဖန်စောင့် မှာ
သန်းခေါင်ယံ
အူမြူး
  ဆောင်း တစ္စေ ခြောက်သွားတယ်
အိမ်မက် တွေ လန့်ဖြန့်
အိမ်မက်ဆောင်း
  ဆောင်းအိမ်မက်
အတိတ်ကို
အသက်သွင်း
အိမ်ပျက်ခြင်းမှာ
စိတ္တဇဖြစ်
ကယောက်ကယက်
အတွေး ဆိုး
  ဆောင်းတစ္စေ
တန်ခိုးနဲ့

ညတွေ ခိုး , ခိုး သွားတယ်
  အော်....
  ပျောက်လု ပျောက်ခင်....။

No comments: