Saturday, November 29, 2014

အချ စ် မာရသွန်



လိုက်လေ ဝေးလေ
  ပြေးလေ
အချစ်တစ်ခုထဲမှာ
မာရသွန်တာဝေး
မမောပဲပြေးခဲ့တာ
ပန်းဝင်မလှမှ
  နွမ်းယုံမက
ကမ်းကုန်အောင်မိုက်ခဲ့လေသော
အချစ်မိုင်တိုင်များစွာ
တစ်ခါလည်ပြန်အငှဲ့
အမှားအသေင်္ချေ
လက်ပြနှုတ်ဆက်
ဥပေက္ခာ
လက်ခုပ်သံတစ်ချို့ တစ်ဝက်
အမုန်းတွေကို
ဖက်ပြိုင်ယှဉ်ဖို့
ဒိုင်သတ်မှတ်ကြေးက
ငါးရာနှစ်ဆယ့်ရှစ်ထက်အနည်းငယ်ပိုမတဲ့
တန်ကြေးမမျှလို့
  ပြန်ပေးမရတဲ့
တာဝေးသမားအချစ်တစ်ပွဲ
ဆက်မနွှဲချင်ကာမှ
  နောက်ကောက်ကျ ခဲ့လေသော
အချစ်အရှုံးသမား
အမုန်းကြားက
  နှလုံးသားတစ်ခုတော့
  ပြန် ရ ကောင်းပါရဲ့...။

2 comments:

စံပယ်ချို said...

နှလုံးသားတစ်ခုတော့
ပြန် ရ ကောင်းပါရဲ့.......
နှလုံးသားကောင်းတခု ပြန်ရပါစေလို့

Unknown said...

thanks for ur wish..!!