Thursday, November 20, 2014

မေတ္တာဖြင့်

 
မေတ္တာ၊ ကရုဏာ
ချစ် မေတ္တာ
ကြီးမြတ်လှသည့်
အဖဘုရားသခင်
ကိုယ်တော်ချစ်ခြင်း
တစ်စုံတစ်ရာ
  ပြန်လည်တ,မိ
အားနည်းခါ
တစ်ပါးသူငှာ
အပြစ်များ

ဖြေလွှတ်စေရန်
ဝန်လေးသမျှ
ကိုယ်တော်သွန်းခဲ့
အသွေးများ
ကိုယ်တော်ပြောကြား
သမ္မာစကား
စိတ်ဝယ်သိုထား
သို့ပါငြား
ချည်နှောင်ခြင်းဖြင့်
အသက်ဆက်
အံ့ဖွယ်မေတ္တာ
  မေ့လျော့လျက်
ဒီကမ္ဘာမှာ
အသက်ရှင်
အပြစ်သားများ
အချင်းပင်

မေ့လျော့နောင်တ
လွန်ကာမှ
  ပြန်ကာတမ်းတ
  မေတ္တာအနန္န
ခိုလှုံကာသာ
  နေ့ရက်မှာ
  မေတ္တာစွမ်းဖြင့်
လွှမ်းခြုံ ကာ
ရှင်သန်နိုင်ဖို့
ကတိပြု
ကိုယ်တော့်မေတ္တာ
အရင်း တစ်ခု
သက်ဆိုင်သူများ
တစ်ပါးသူကြား
  မေတ္တာတရားဖြင့်
လွှမ်းခြုံ ထား
နှုတ်ကပတ်တော်ရဲ့
အလင်းခွန်အား...။

No comments: