ခါးပြီးရင်ချို အုံးမလား
သကြားမလို
အခါးမပိုသော
ဘ၀တစ်ခုရှိအုံးမလား
တစ်ခါတစ်လေ
ကွယ်ရာချောင်တစ်ခုမှာ
အကူညီပြု မယ့်မနက်ဖြန်တွေကို
အစီရီစီခြယ်ထားပေမယ့်
အမှားတွေက
တစ်နေရာစာမက
နေရာယူနေလိုက်ကြတာ
မှန်ကန်သောတစ်နေ့တာတွက်
တန်းစီမယ့်စိတ်ကူးကိုမှ
မောဟ တွေနေရာဦးပြီးလို့
နောက်တစ်နေ့အကူးမှာ
ဒေါသတွေကို
နေရာပေးမိပြန်တယ်
တေလေ စိတ်နဲ့
တစ်နေ၀င်အတွေးကို
အတ္တတွေ ဦးဆောင်မိပြန်တော့
ထပ်တစ်ခါ
နေရာပျောက်ပြန်တယ်
မခိုင်တဲ့အတွေး
ယိုင်နဲ့နဲ့စိတ်ဆွေး
အတိတ်ချည်တိုင်က
ဖြည် ချ
ပစ္စု ပ္ပန်ကိုဦးတည်လိုက်မှ
စစ်မှန်တဲ့တစ်နေရာစာ
သူ့အလိုလိုရောက်လာတယ်
အော်....
ငါ အိပ်ပျက်ခဲ့တာ
အတိတ်များထဲမှာ
ရက်များ
အတော်
ကြာခဲ့ ပြီပဲ....။
No comments:
Post a Comment