Friday, November 21, 2014

သူငယ်ချင်း လေးပါပဲ




အကျင့်ပါနေတဲ့ နှုတ်တစ်စုံ
ကြင်နာမှု သင်္ကေတတစ်ဖုံကို
ခပ်ဖွဖွလေးဟစ် အော်မိတယ်
  အော် ... မှားယွင်းခြင်းများစွာ
အကျင့်ပါနေတဲ့ စကားတစ်ခွန်း
  မောင်းသူမရှိတဲ့ ကားလို
လျှာတစ်စုံက
ဘရိတ်မဲ့နေတယ်
  မောနင်းမပါပဲ
ညတွေ အိပ်စက်နိုင်အောင်
တစ်နေ့တာ စက်ဝန်း
မင်းမပါပဲ
မပျက်ယွင်းအောင်
စိတ်ကိုဘရိတ်အုပ်
ငါ ဆက်လျှောက်နေပါ့မယ်
မင်းလည်းပျော်သလိုနေ
ငါလည်း မငိုအောင်ထိန်းမယ်လေ နော်
တစ်ခါတစ်ရံ အချစ် ဆိုတာ

ဖြစ်ချင်တိုင်းမှ
  ပြု လုပ်ခွင့်မရှိခဲ့တာ
မင်းလည်းသိနားလည်မှာပါ
သမ္မာကျမ်းထဲက သမီးရည်းစားလောက်
ရိုမီရိုနဲ့ဂျူးလီယက် မက
ဒို့အချစ်ကိုမှ
မှတ်ကျောက်တင်ခံ ခဲ့ပေမယ့်
  နောက်ဆုံး တစ်နေ့
အလိုတော်ကိုဝန်ခံ ရမယ့်သူတွေပဲလေ

ဒီဇာတ်လမ်းအဆုံးမှာ
ဟိုအရင်သိထားနှင့်သလို
မင်း နဲ့ ငါ လည်း
ငယ်ငယ်တုန်းက လို ပဲ
သူငယ်ချင်းလေးပါပဲ
သူငယ်ချင်း တွေ ပဲ ပေါ့ နော်....။

No comments: