Wednesday, November 19, 2014

ထာဝရ သူငယ်ချင်း



 

လွမ်းမိတသ
ချစ်ရတဲ့ သူငယ်ချင်း
အဝေး တစ်နေရာမှာ
လွမ်း နေအုံးမလား
သိခွင့် လေး ပေး ပါ
ငယ်စဉ်ခလေးဘဝ
အတိတ်တစ်ခါ ပြေးသွားရင်
မင်းကို တသ မိသေး တယ်
အစ နောက် သန်တဲ့မင်း ရဲ့ အဖြစ်
စိတ်ကောက်တတ်တဲ့ ကိုယ့်အကျင့်
တစ်ခါ ပြန် တွေးမိရင်
လွမ်းနေပေး မလား ရယ်လို
တမ်းတ မျှော်ကာ သတိရနေမိတယ်
အတိတ်တွေ မြုပ်နှံပစ်တဲ့
မင်း ရဲ့ နှလုံး သားတစ်နေရာ
  ဖြူ စင်မှု များစွာနဲ့ ဟိုးတစ်ချိန် နေရာမှာ
ရှိနေသေးတဲ့ သံယောဇဉ်နုနု လေး များ
  ပြန်ကာ ကောက်ကြည့် နေမလား
အဖြူ ရောင်စည်းတစ်ဖက်
ရပ်တန့်လက်စ အခြေနေ
အယောင်ဆောင်ချင်တဲ့ နှုလုံးသားလေး
တစ်ခါတစ်လေ ခုန်ထွက်ပြေးချင်တယ် အသိ

ထိန်းမရ တဲ့ ငယ်ဘ၀သံယောဇဉ်
မှတ်မိလွယ် တဲ့ ဦးနှောက်
ဟန်ဆောင် ဖုံးထားမိတဲ့ ရင်ခုန်သံ အဆွေးအဟောင်း
ငယ်ဘ၀ အတွေးဟောင်း

ပြန်ပြောင်း ပြောမိတိုင်းမှာ
မင်း ဟာ အတိတ်တစ်စုံကို
ချု ပ်ကိုင်ထားတဲ့
အဖြူ ရောင်သူငယ် ချင်း လေး ..
မင်း ဟာ ဒို့ရဲ့
ထာဝရ သူငယ်ချင်း လေး ပဲ ပေါ့...။

No comments: