Wednesday, November 19, 2014

ချစ် ခဲ့ သ လား



မုသားနှုတ်ခမ်းတစ်စုံက
ဖွင့်ဟလို့ဝန်ခံသွားတယ်
ကျ မ ကို တစ်ကယ်
မချစ်ခဲ့ပါဘူးတဲ့
  လောကကြီးရယ်
  ကောင်းကင်ကြီးရယ်
  ပြီးတော့
တစ်ခါ က
မန္တလာညချမ်းများစွာ ရယ်
ကျုံးနဘေးက သစ်ပင်အောက်မှာ
မန္တလာတောင်ပေါ် တစ်နေရာ
အတူထိုင်ခဲ့တဲ့ date tea ဆိုင် ရဲ့ထိုင်ခုံ လေးတွေပေါ်မှာ
မိန်းထဲက ruby ဆိုင်ရဲ့အမိုးလေး အောက်မှာ
အတူသွားခဲ့တဲ့ မဟာမြတ်မုနိရဲ့ ငါးကန်နဘေးမှာ
လက်ကိုဆုပ်ကိုင် လှမ်းတက်ဖို့
အားပေးခေါ်ခဲ့တဲ့
  ဆေးတက္ကသိုလ် ကျောင်းတော်ပေါ်မှာ
အတူထိုင် သောက်ခဲ့တဲ့
  ဆေးမန်းနဘေး မန်းကျည်းဖျော်ရည်ဆိုင်လေး မှာ
ဂီတာတီး ရင်းသီချင်းသီခဲ့ဖူးတဲ့
  ရေနီမြောင်းနဘေး ခုံတန်းလေး ပေါ်မှာ

အမှတ်တရများစွာ
  မြေမြုပ်
ကျ မ တွက်မုသားသုံးခဲ့သူ
လှည့်စားရက်တဲ့သူ
တစ်လောကလုံးမှာ
အချစ်ဆုံး ဖြစ်ခဲ့သူ ကျ မ
တမင်တကာမေ့ပစ်
အချစ်သစ်တွေ့လေ မှ
ချစ် တယ်ဆိုစကား
  ပြောခဲ့ လေသလားတဲ့ လေ
ကျ မ အသဲကိုနင်းခြေပစ်
မုသားအသစ်နဲ့
တစ်နှစ်စာအချစ်တွေကို
ဆယ်နှစ်စာ ရောလို့
ဒဏ်ရာနှောပြီး မှ
ချစ်ခဲ့ ပါသလားတဲ့
ချစ် ခဲ့ ပါ သလား တဲ့...လေ
  ပြောထွက်တတ်တဲ့
နှုတ်တစ်စုံ ကို
ကျ မ ..မယုံချင်ပေမယ့်
ပုံပြင်တစ်ပုဒ်
ကဗျာတစ်ပုဒ်
ဝတ္ထု တစ်အုပ်
သူသုံးဖူးတဲ့
ဇာတ်လမ်းများစွာ
သူရေးဖူးတဲ့

ဇာတ်ကောင်ထဲ က ကျ မ
  သြော် တစ်ကယ်တော့
အသုံးချ ခံ ဘဝ
ကျ မ ကို မှ
ချစ် ခဲ့ သလား တဲ့....။
 

No comments: