Saturday, November 29, 2014

ဆောင်းခရီးသည်

 
ဒီတစ်ခါ အိမ်အပြန်လမ်းမှာ
ဝန် ပိုတဲ့ အလွမ်း တွေ အကုန်
ငါ့ရင်ခွင်ရဲ့
နယ်နိမိတ်အလွန်မှာ
ချန်ထားခဲ့လိုက်မယ်
  ပေါ့ပါးခြင်း နဲ့
  ဆောင်း ဧည့်သည်
အချစ်မလိုသော
ခရီးသွားတစ်ယောက်
အိမ်ပြန်လမ်းမှာ
လှနေပါလိမ့်မယ်
  မှေးမှိန်ဖျော့တော့
မျက်ဝန်းတစ်စုံရဲ့အား
ခုတစ်ခါ ကွာခြားမှု
  တောက်ပခြင်းတွေ စု နေပါလိမ့်မယ်
အချစ်ရယ်အလွမ်းရယ်
  ပြီးတော့
တိမ်းညွတ်မူးတဲ့
နှုတ်ခမ်းအစုံရဲ့
အနမ်းတစ်စုံ ကိုလည်း
အကုန်
ထားခဲ့ လိုက်တော့မယ်

အချစ်ဝန်မပိတော့ တဲ့
  နှလုံးသား ဒဏ်ရာတစ်ခုလည်း
သက်သာကာစ
ရှိ ရှာ ရော့မယ်
  ဟေမာန်ရဲ့
ဒီတစ်ခါ
အိမ်ပြန် ခရီးမှာ
အချစ်မရှိ သူအဖြစ်
အလွမ်းမသင့်သော
  ဆောင်းအသစ်လို
  ပျော်ကြည့်အုံးမယ့်
  ဆောင်း ခရီးသည်...။

No comments: