Saturday, November 29, 2014

တစ်နှစ်မကူးခင်


သူ ကျမကို
ကြိုးစားမေ့ မတဲ့
  ပြောသွားသေးတယ်
သူ ကျ မ ကို
  မေ့ဖို့အတွက်တဲ့
ကြိုးစားခဲ့တာ
  ပြောသွားခဲ့ ပါတယ်
  ပြောထွက်ရက်တဲ့
ချစ်သူရယ်
အချစ်နဲ့အမုန်းကို
အချိန်တစ်ပြေးညီ
ခံစားဖို့
ငါ့စိတ်တွေမအားသေးတာခက်တယ်
စိတ်ချ ပါ
သိပ်ခက်မနေပါနဲ့
တစ်ဝက်တစ်ပျက်အလွမ်းတွေ

ဘောင်ဘင်ခတ်တဲ့
ခံစားမှု တွေအကုန်
သွန်ချ မှောက်လှန်ပေးပါ့မယ်
သိပ်ခက်နေသလား
စိတ်ပျက်နေသလား
မထူးတော့တဲ့
ဒို့အချစ်တွေကို
ကုန်တော့မယ်
ဒီတစ်နှစ်အဆုံးမှာ
အချစ်နှစ်သစ်မကူးခင်
ရင်နာစရာအလွမ်းဇာတ်ထုတ်ကို
တစ်နှစ်ဆုံးမှာ
သိမ်းရုပ်လိုက်ပါ့မယ်

 လောလောဆယ်
ချစ်ခဲ့ကြောင်းတွေ
  နှင်းစက်မပြောင်းခင်
ခရစ်စမတ်မရောက်ခင်ထိ
ငါ့ရင်တစ်နေရာလေးမှာပဲ
  နေသာသလို ဟန်မပျက်လေးနဲ့
အရင်တစ်ခါဆောင်းပမာ
မပြောင်းမလဲရှိနေပေးပါ
တစ်နှစ်မကူးခင်တစ်ခဏ
  တောင်းပန် ခွင့်ပြု
  မေ့ ခွင့် ပြု မှာပါ....။

No comments: