Saturday, November 29, 2014

နားပိတ်ထား တယ်



ဟန်ဆောင်ကမ္ဘာထဲမှာ
အရိုးသားဆုံးချ ပြပေမယ့်
မမြင်ချင်ယောင်ဆောင်တဲ့
အကြည့်တွေကို
ငါ ဖြေရှင်းချက်မပေးချင်ဘူး
ရိုးသားပါတယ်လို့ကြော်ငြာဝင်ရင်း
ငါ့ကိုယ်ငါ ရွံ့လာမိပြီ
ငါလည်း လူသား
မုသားများနဲ့လုံးခြာလည်
ဒါပေမယ့်
တစ်ခါတစ်လေမက
  ဖြူ စင်ခဲ့ဖူးပါတယ်
ယုံချင်သလား
မယုံချင်တာလား
အပိုစကားမမေးဘူး
ဘုရားပဲသိတယ်
ဟိုလိုဒီလို
အပိုတွေပြောရင်း
ငါ့စကားတွေ
  ဈေးကျလွန်းတယ်
ဒီတစ်ခါ
  ဖြေရှင်းပြရင်
  ကောင်းကင်ဘုံကနားတစ်စုံကို
သက်သေပြု
ငါတိုင်တည် လိုက်မယ်
  ဖြူ စင်ခြင်းမှာ
  နေထိုင်နေသရွေ့
အဖြေမလိုသော

ပုစ္ဆာတစ်ပုဒ်မို့
  ဆောရီးကွာ...!
ငါ....
နားပိတ်ထားတယ်....။

No comments: