Friday, November 21, 2014

ရောင်ပြယ် အပြုံး

 
ငါ့အပြုံးတွေ
စုတ်ချက်မဲ့လို့
  ကြေးမုံပြင်ထက်
မှင်သက်နေတယ်
ငါ့နှုတ်ခမ်းတွေ
  ဆေးချက်ပျောက်လို့
  ကြေးမုံ ထက်မှာ
ခပ်သဲ့သဲ့ရယ်
မျက်လွှာအပင့်
ပင့်သက်တစ်ဝင့်
  ရောင်မှိန်ဆေးရေး
  နှုတ်တစ်စုံအကွေး
ခပ်ရေးရေးလေး
တစ်ချက်ထင်
ပင့်သက်လေလား
  ပြုံးဟန်လား
ဝိုးတစ်ဝါးမပီပြင်
  ဆေးစက်အကျ
သရုပ်မလှ
  ကြေးမုံ ထက်မှ
အပြုံးပိုင်ရှင်...။

No comments: