Wednesday, November 19, 2014

စရိုက်

       


   ရိုသားတဲ့စကား
လှပတဲ့ မုသား လို များ
နားဖျား မှာမချို  

နှုတ်ဖျားမှာ သက်
ခက်ကုန်ပြီထင်ရဲ့
မုသားမပါ
လင်္ကာမချော
ကိုယ် သဘောမကျ
မလိုတာမပြော
အပိုမပါ သဘောပေမယ့်
တစ်ခါတစ်လေ

နှုတ်စီချယ်ဖို့
စကား လှ တွေ
သီရခက် သူတစ်ယောက်
ရိုး သား တဲ့မုသားမဟုတ်
လှပ တဲ့ မုသား မထုတ်

ပြောင်သလင်းခါအောင်
   ဗြောင်ရှင်း တတ်တဲ့စရိုက်
ကိုယ့်လို လူက
လူ့ အမှိုက်
ဒါပေမယ့်
ဒီအကျင့်စရိုက်
အသေ ကြိုက်.

နောင်တ ဘယ် မမှတ်
မကျေ နပ် ရင်လည်း နေလိုက်...( ဒိုးလိုက် )...။

No comments: