Wednesday, November 19, 2014

အချစ်ဆုံး သူငယ်ချင်း တွက်




ပြောင်းလဲခြင်းမှာ
မင်းလည်းပါနေလား
သိချင်လိုက်တာ
သူငယ်ချင်း ရာ....
မင်းပုံစံ
မင်းအပြုံး
မင်းအမူယာတွေ
မင်း ရဲ့ချို သာတဲ့အသံ
တို့တွေတစ်ချိန်က သိပ်ချစ်ခဲ့ကြတာတွေ
အတူဆိုဖူးတဲ့သီချင်းလေးတွေ
အတူ ပျော်ဖူးတဲ့ နေ့တွေ
အတူ ကခဲ့ဖူးတဲ့ ပုံရိပ်တွေ
တစ်ယောက်ကိုတစ်ယောက်
စာနာဖေးမ ခဲ့တာတွေ
အားပေးနှစ်သိမ့်ခဲ့တာတွေ
  ရေမြေ သဘာဝ
ကွာခြားမှု
အပြောင်းလဲများကြားမှာ
  ဖြူ စင်မှု တွေ နဲ့မင်းနှလုံးသားကို
အရင်လို မျှော်လင့်ပရစေကွာ
ငါ မင်းကို လွမ်းတဲ့စိတ်တွေ ရင်မှာပိုက်
အဆက်သွယ်လုပ်ဖို့ကြိုးစားခဲ့တာတွေသာ
မင်းသိခဲ့မယ်ဆိုရင်
နိုင်ငံတွေလှည့် ပြီး ပညာတွေစုံသလို
အသစ်သောခင်မင်မှုတွေကြားမှာ
ငါ့ကိုများမေ့သွားပြီလား ရယ်လို့

သံသယ ဖြစ်မိတယ်ကွာ
မင်းပြောဖူးတဲ့စကားတွေကို
အခုထိ စွဲမှတ်လို့
သတိရနေတတ်တာ
နားလည်စာနာတတ်ရင်
ငါ့လိုပဲလွမ်းနေပေးပါ သူငယ်ချင်း.....။

No comments: