Friday, November 21, 2014

နှင်းအကျ လွမ်းရတဲ့ ကို


 
ဒီမနက်တစ်ခို
သိပ်လှ နေတယ် ချစ်သူ
အကျင့်ပါနေတဲ့ အလွမ်းတွေ
ထည့်မသုံးချင်ပေမယ့်
လွမ်းနေမိသေးတယ်
လှပတဲ့ ဆောင်းက
  နှင်းမနက် ပြောင်းပြီး
ဆင်းသက်ခဲ့ပြန်ပြီ

အေးစိမ့် မွှေးချို နေတဲ့
ဒီဆောင်းမနက်
လမ်းထွက်လျှောက်ရင်း
အဖော်မပါ တွဲလက်
  ခြုံ လွှာထပ်ထဲထည့်လို့
ချစ်သူ ကိုအမှတ်ရမိစေတယ်
ဆွဲလျက်တွဲခေါ်
တွဲလျက်ဖေးကူမယ့်အဖော်
လက်ဖ၀ါးနွေးနွေး

ယောင်ငေးရင်း
ဘယ်မှာလည်းဆိုတဲ့အတွေးနဲ့
  ဆောင်းကို များပြောပြရမလား
ဒါမှမဟုတ်
  နှင်းကိုစေစားလို့
  နွေးစေဖို့များ
တဆင့်စကားနဲ့
  ပြောပေးမလား ရယ်လို့
တီးတိုးရွတ်ဆို

နှင်းတွေ ကျ နေ  ပြန်ပြီ    ကို......။

2 comments:

စံပယ်ချို said...

မြန်မာပြည်ရဲ့ နှင်းတွေကို ကျွန်မလဲ လွမ်းနေသူပါညီမငယ်လေးရေ
ကဗျာလေးဖတ်ပြီး တောင်ကြီးရဲ့ဆောင်းမနက်ခင်းလေးမြင်နေမိတယ်(အမကြီးက တောင်ကြီးမှာကြီးခဲ့ရသူမို့)

Unknown said...

thanks alot sis.....!!
the winter is makes everybody feel..