Wednesday, November 19, 2014

အရွယ်သုံးပါး အချစ်



 







ငယ်ရွယ်နုနယ်တဲ့တစ်ချိန်က တော့အချစ်ဆိုတာကို လိုက်ရှာမိတယ်၊
လိုက်ရှာနေတတ်တယ် စိတ်ဝင်စားခြင်းများစွာနဲ့ မြတ်နိုးစွာပေးလာ
တဲ့ ပန်းစည်းများစွာထဲမှာ ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်သလို
ရင်ထဲထိဆွတ်ပျံ့မွှေးနိုင်မယ့် ပန်းတစ်စည်း ဖြစ်မယ်ဆိုရင်
ဘာတစ်ခုမှ အပြစ်မမြင် ချစ်ခင်လိုစိတ်နဲ့လက်ခံခဲ့လိုက်တယ်
ရှက်ပြုံးလေးတွေ ဝေလို့ပေါ့…..


ငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့အရွယ်ကနေ အလှပကို
  မြင်တတ်၊ ပြင်တတ် ၊ခံစားတတ်လာတော့ ကိုယ့်ဆီမှာ
ရှိတဲ့အားနည်းချက်၊ အားသာချက်တွေကိုလူသိမခံဝံ့
တာနဲ့ဖုံးဖိပြင်ဆင်ရင်း အချစ်တစ်ခုရဲ့စွန့်ပစ်ခံရမယ့်
အရေးကို ကြောက်ရွံ့ခြင်းများနဲ့ကိုယ့်ကိုပေးလာတဲ့
ကိုယ်ပိုင်ဆိုင်လိုက်တဲ့ပန်းစည်းလေးကိုမငြိုးနွမ်း
  စေချင်တဲ့စိတ်နဲ့အချစ်ဆိုတာကိုအမိရဆုပ်ကိုင်ရင်း
  ပျောက်ကွယ်သွားမလားစိုးရိမ်စိတ်တွေနဲ့
အချစ်ကိုခံစားရင်း ကြောက်ရွံ့ရင်း လက်ခံခဲ့လိုက်တယ်…
စိုးရိမ်ခြင်းတွေ အပြည့်နဲ့ပေါ့…


စိုးရိမ်မှု တွေကနေကျော်လွန်လို့ အလှပဆိုတာ ကိုယ့်ဆီက
လက်ပြနှုတ်ဆက်ဖို့အသင့်နေရာယူနေတဲ့အရွယ်
သတိမထားမိတဲ့ တစ်ချိန်မှာပဲလှပခြင်းနုပျို ခြင်းတွေ
တစ်ဖြေးဖြေးမှေးမှိန်လာသလို ခံစားမှုတွေကလည်းတစ်ဖြေးဖြေးနဲ့
  မှေးမှိန်ပျောက်ကွယ်လုတဲ့အချိန်၊ အလှပဆိုတာတဒင်္ဂပါလားလို့
  မြင်တတ်ဆင်ခြင်တတ်တဲ့အရွယ် ၊ အချစ်ဆိုတာလည်းခံစားမှုသက်
သက်ပါလားလို့နားလည်လာတဲ့အချိန် မြတ်နိုးယုယကြင်နာပါတယ်
လို့အာမခံချက်တွေအမျိုးမျိုးပေးပြီးတစ်သက်တာမခွဲခွာပါဘူးရယ်လို့

ကတိတွေပေးပေမယ့် ယုံကြည်မှု တွေလျော့ပါး၊ အချစ်ဆိုတာရဲ့
အားနည်းအားသာချက်မှန်သမျှကို နောကြေနေလေတော့
ကိုယ့်ရင်ထဲကအဖြေနဲ့လိုအပ်ချက် ဖြစ်လာမယ့်အကျိုးဆက်၊
ရင်ခုန်တာတွေတည်ငြိမ်၊ခံစားချက်တွေအနည်ထိုင်၊ဘ၀တစ်ခုနဲ့
ယှဉ်တွဲဆုံးဖြတ်နိုင်တဲ့အရွယ်တစ်ခုမို့မြတ်နိုးပါတယ်ဆိုတဲ့
ပန်းစည်းလေးတွေကိုသံသယတစ်စွန်းတစ်စ မြင်ရင်
လွှင့်ပစ်ပယ်ဖို့အဆင်သင့်ဖြစ်ခဲ့သလိုအချစ်မပါပဲတည်ဆောက်
နိုင်မယ့်ခွန်အားတွေကလည်းအလိုလိုရှိနေပြန်သေးတယ်
  နှလုံးသားနဲ့ဦးနှောက်အခန်းကဏ္ဍကိုယှဉ်တွဲပြီးဆုံးဖြတ်တတ်
လာတဲ့အရွယ်မို့ အချစ် ဆိုတာ ………ရှာဖွေနိုင်တဲ့
ရှာဖွေခွင့်ရှိတဲ့အရွယ်သုံးပါး မှာ မှားယွင်းမှု များစွာ ၊မှန်ကန်မှုများစွာ
နဲ့သော်တင့်လျောက်ပတ်တဲ့အချစ်တစ်ခုကိုရွေးချယ်နိုင်သူတွေအဖို့
  ပျော်စရာတွေဖြစ်နိုင်သလို အချစ်တစ်ခုမှာမှားပြီးရင်းမှားခဲ့တဲ့
ကျ မအတွက်တော့အရွယ်သုံးပါး အချစ် မှာ…..အရှုံးသမားဖြစ်ခဲ့
ရပြီလေ…။

No comments: