ကောင်လေးတစ်ယောက်
ကဗျာလေးအလျောက်
သူ့ချစ်သူကောင်မလေးတွက်
ကောင်းကင်ယံတက်
ကြယ်တွေခူးဆွတ်
ချစ်ခြင်းနဲ့သီ
မွေးနေ့အညီ
တာရာစုံခ စား
လတစ်စင်း
အားကျစရာ
ညအလင်းတွေပါ
ပို့ပေးမတဲ့ပြောတယ်
မွေးနေ့ရှင်ကြယ်စင်လေး
ရှက်ပြုံးတွေ ခြွေချ လေသလား
ဒီတစ်ည
ကြယ်တွေတစ်ဖြုတ်ဖြု တ်ကျ လာ
နက္ခပေါင်းစုံ
တေးရောင်စုံည
တိမ်တွေအကမှာ
ချစ်သူနှစ်ဦးရဲ့
မနက်ဖြန်
လတစ်စင်းကိုဧည့်ခံ
ကြယ်တွေကို သက်သေပြု
တိမ်တွေပေါ်မှာ
ကတိဝတ်စကား
ကောင်မလေးကို သိပ်ချစ်သတဲ့လား
ပြောသံကြားတယ်
ဒီတစ်ညလား
မနက်ဖြန်လား
နောက် များဆက်တိုင်
မခွဲရက်နိုင်
တွဲလက်ခိုင်ဖို့
တိမ်ကြိုးကျစ်သီ
ချစ်ခြင်းနဲ့ချည်
အိုး.....
ကောင်ကင်ဒီည
မှောင်မှိက်လှတာ
ကောင်လေးကြောင့်လား
ကောင်မလေးတွက်လား
ကြယ်တွေပျောက်ပျောက်သွားရတာ....။
No comments:
Post a Comment